Shoon (Cele Daily)
Unicode
ကျန်းမာရေးမကောင်းမွန်သောကြောင့် ဆေးရုံတတ်နေရသော်လည်း ကွန်ပျူတာတစ်လုံးဖြင့် ကျောင်းလုပ်ငန်းများကို မပျက်မကွက်ဆောင်ရွက်နေသည့် လေးစားဖွယ်ဆရာတစ်ဦး
ယခုအကြောင်းအရာလေးဟာ အမေရိကန်နိုင်ငံ Texasပြည်နယ်မှ လေးစားဖွယ် ကျောင်းဆရာတစ်ဦးပင် ဖြစ်ပါတယ်။ထိုအဖြစ်အပျက်လေးကို ကျောင်းဆရာ၏ သမီးဖြစ်သူက ဖခင်အား ဆေးရုံစောင့်နေရင်းဖြင့် ရိုက်ကူးပြီး လိုင်းပေါ်တင်ထားသော ပုံလေးအကြောင်းဖြစ်ပါတယ်။
ကျောင်းဆရာတစ်ဦးဟာ ကျန်းမာရေးအခြေအနေကြောင့် နာမကျန်းဖြစ်ပြီး ဆေးရုံတတ်ကာ ကုသမှုခံယူခဲ့ရပါတယ်။ဆေးကုသမှုခံယူနေရသော်လည်း ဆရာဖြစ်သူဟာ သူပြုလုပ်ရမည့် စာရင်းဇယားများကို ပျက်ကွက်သွားမည် စိုးရိမ်သဖြင့် ကွန်ပျူတာလေးဖြင့် ပြုလုပ်နေခြင်းပဲဖြစ်ပါတယ်။
ဆရာ၏ နားမကျန်ဘဲ စာရွက်စာတန်းများ ပြုလုပ်နေသည့် ပုံရိပ်လေးကို လိုင်းပေါ်တွင် အခြားသူများက တွေ့မြင်ခဲ့ကြပါတယ်။ဆရာ၏ လေးစားဖွယ်စိတ်ဓာတ်နှင့် အပြုအမူကို ပြည်သူများ မြင်တွေ့ပြီးနောက်တွင် အားလုံးဟာ ဝိုင်းဝန်းပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
Shoon (Cele Daily)