ျမင္ေတြ႕ရသည့္ လူအေပါင္းကို ခံစားမႈရသမ်ိဳးစုံ ေပးစြမ္းႏိုင္ခဲ့သည့္ ခင္ပြန္းျဖစ္သူအတြက္ ဇနီးသည္က ေက်ာက္ကပ္အစားထိုးေပးခဲ့သည့္ ခြဲခန္းမဝင္ခင္ ႐ုပ္သံေလး

ခ်စ္ျခင္းႏွင့္ ပတ္သတ္လာလွ်င္ လူသားတိုင္းဟာ စိတ္ခံစားလြယ္ၾကၿပီး ၾကည္ႏူးမႈ ဝမ္းနည္းမႈတို႔ကို အလြယ္တကူျဖစ္ေပၚလာတတ္ၾကသည္။အင္ဒိုနီးရွား ႏိုင္ငံမွ လင္မယားႏွစ္ဦး၏ ေက်ာက္ကပ္အစားထိုးကုသမႈ မတိုင္ခင္ ပုံရိပ္မ်ားသည္ ျမင္ေတြ႕သူမ်ားအားလုံးကိုပင္ ခံစားမႈမ်ား ကူးစက္သြားခဲ့ရသည္။

အင္ဒိုနီးရွားႏိုင္ငံမွ လင္မယားႏွစ္ဦး၏ တစ္ဦးႏွင့္တစ္ဦး အခ်စ္ သစၥာနက္ရႈိင္းမႈမွာ အံဖြယ္ပင္ျဖစ္ေပသည္။ခင္ပြန္းျဖစ္သူဟာ ေက်ာက္ကပ္ေရာဂါကို ခံစားေနရေသာေၾကာင့္ ဇနီးျဖစ္သူဟာ ေက်ာက္ကပ္တစ္ခုလုံးကိုပင္ ခင္ပြန္းအတြက္ ေပးဆပ္ခဲ့သည္။

ထို႔ေၾကာင္ခြဲစိတ္ခန္းမဝင္ခင္ တစ္ဦးႏွင့္တစ္ဦး ေပြ႕ဖက္ရင္း အားေပးႏွစ္သိမ့္ေပးေနသည့္ ပုံရိပ္ေလးသည္ ဆိုရွယ္မီဒီယာေပၚတြင္ ပ်ံႏွံသြားၿပီးေနာက္ ဂ႐ုဏာသက္ဖြယ္မ်ား ျဖစ္ခဲ့သည္။

Shoon (Cele Daily)

Unicode

မြင်တွေ့ရသည့် လူအပေါင်းကို ခံစားမှုရသမျိုးစုံ ပေးစွမ်းနိုင်ခဲ့သည့် ခင်ပွန်းဖြစ်သူအတွက် ဇနီးသည်က ကျောက်ကပ်အစားထိုးပေးခဲ့သည့် ခွဲခန်းမဝင်ခင် ရုပ်သံလေး

ချစ်ခြင်းနှင့် ပတ်သတ်လာလျှင် လူသားတိုင်းဟာ စိတ်ခံစားလွယ်ကြပြီး ကြည်နူးမှု ဝမ်းနည်းမှုတို့ကို အလွယ်တကူဖြစ်ပေါ်လာတတ်ကြသည်။အင်ဒိုနီးရှား နိုင်ငံမှ လင်မယားနှစ်ဦး၏ ကျောက်ကပ်အစားထိုးကုသမှု မတိုင်ခင် ပုံရိပ်များသည် မြင်တွေ့သူများအားလုံးကိုပင် ခံစားမှုများ ကူးစက်သွားခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံမှ လင်မယားနှစ်ဦး၏ တစ်ဦးနှင့်တစ်ဦး အချစ် သစ္စာနက်ရှိုင်းမှုမှာ အံဖွယ်ပင်ဖြစ်ပေသည်။ခင်ပွန်းဖြစ်သူဟာ ကျောက်ကပ်ရောဂါကို ခံစားနေရသောကြောင့် ဇနီးဖြစ်သူဟာ ကျောက်ကပ်တစ်ခုလုံးကိုပင် ခင်ပွန်းအတွက် ပေးဆပ်ခဲ့သည်။

ထို့ကြောင်ခွဲစိတ်ခန်းမဝင်ခင် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ရင်း အားပေးနှစ်သိမ့်ပေးနေသည့် ပုံရိပ်လေးသည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံနှံသွားပြီးနောက် ဂရုဏာသက်ဖွယ်များ ဖြစ်ခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment