Shoon (Cele Daily)
Unicode
ကင်ဆာရောဂါကို ခံစားနေရသော ရောဂါဝေဒနာသည်များအတွက် ဆံပင်လေးတွေကိုဖြတ်ပြီး လှုဒါန်းခဲ့ကြသည့် အသက်၅နှစ်နှင့် အသက်၆နှစ်အရွယ်ကလေးနှစ်ဦး
ယောကျာ်းလေးများ ဆံပင်ရှည်ထားပြီဆိုလျှင် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းက အမျိုးမျိုးလှောင်ပြောင်ကာ ကဲ့ရဲတတ်ကြသည်။ယခုတွင်လည်း မလေးရှားနိုင်ငံမှ အသက်၅နှစ်နှင့် ၆နှစ်အရွယ် ကောင်လေးနှစ်ဦးတို့သည် အသက်ငယ်သေးသော်လည်း ဆံပင်ရှည်ထားကြသည်။
တစ်နေ့တွင် ကင်ဆာရောဂါသည်များ၏ ဓာတ်ပုံတစ်ပုံကိုမြင်ပြီးနောက်တွင် ကလေးများဟာ ဓာတ်ပုံထဲမှ လူများ၏ ဆံပင်မရှိရခြင်း၏အကြောင်းကို မေးမြန်းခဲ့ကြသည်။
ထို့နောက်မိခင်က သေချာစွာဖြင့် ရှင်းပြခဲ့ပြီးနောက်တွင် ကလေးနှစ်ဦးစလုံးဟာ ကင်ဆာရောဂါသည်များအတွက် ဆံပင်ကိုဖြတ်ပြီး ရောင်းချကာ ပိုက်ဆံရှာပြီး လှုဒါန်းခဲ့ပါတယ်။
ထိုအကြောင်းလေးကို မိခင်ဖြစ်သူက ဆံပင်မဖြတ်ခင် သားနှစ်ဦး၏ ပုံရိပ်လေးများကို လိုင်းပေါ်တွင် တင်ထားပြီး အကြောင်းစုံရှင်းပြရာမှ လူအများက လေးစားကြပြီး ချီးကျူးမှုများ ပြုလုပ်ခဲ့ကြသည်။
Shoon (Cele Daily)