Shoon (Cele Daily)
Unicode
မိတ်ကပ်များလိမ်းပြီး မိန်းကလေးတစ်ဦးလို ဝတ်ဆင်ကာ instagram တွင် ဝင်ငွေရှာဖွေ၍ မိသားစုကို အိမ်အသစ်တစ်လုံးဝယ်ပေးနိုင်ခဲ့သည် ၁၂နှစ်အရွယ် ကောင်လေး
ထိုင်းနိုင်ငံမှ ကောင်လေးတစ်ဦး၏ အသက်၁၂သာရှိသေးသော်လည်း ကိုယ်ပြိင်ဝင်ငွေဖြင့် မိသားစုကို အိမ်တစ်လုံး ဝယ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ကောင်လေးဟာ ငယ်စဥ်ကတည်းကပင် မိတ်ကပ်လိမ်းရသည်ကို ဝါသပါသူတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် ဝါသနာပါသော အလုပ်အကိုင်ဖြင့် ဝင်ငွေကောင်းအောင် ရရှိနေပြီဖြစ်ပါတယ်။
ကောင်လေးဟာ မိတ်ကပ်များကို လိမ်းပြီး မိန်းကလေးတစ်ဦးကဲ့သို့ဝတ်ဆင်ပြီး instagram တွင် ဓာတ်ပုံများကိုတင်ပေးခြင်းဖြင့် ဝင်ငွေအမြောက်အများရရှိနေပြီ ဖြစ်ပါတယ်။ကောင်လေး၏ instagram အကောင့်တွင် follower ပေါင်း နှစ်သိန်းကိုးသောင်းကျော်ရှိပြီး ပရိတ်သတ်အခိုင်အမာရရှိကာ အောင်မြင်နေသူဘဲ ဖြစ်ပါတယ်။
ကောင်လေးကို ကျောင်းနေဖက် သူငယ်ချင်းများက လှောင်ပြောင်ကြသော်လည်း ကောင်လေးဟာ ဂရုမစိုက်ပဲ အလုပ်ကို အောင်မြင်စွာ လုပ်ကိုင်နေခြင်းပဲ ဖြစ်ပါတယ်။
Shoon (Cele Daily)