ဆံပင္ပုံစံေၾကာင့္ သူငယ္ခ်င္းမ်ားၾကားတြင္ ဦးထုပ္မခြၽတ္ရဲဘဲ ရွက္ေနသည့္ ေက်ာင္းသားေလးကို ကိုယ္တိုင္ဆံပင္ညပ္ေပးကာ အားေပးခဲ့သည့္ ေက်ာင္းအုပ္ဆရာႀကီး

ဆရာဆိုသည္မွာ တပည့္မ်ားအတြက္ ေစတနာ အနစ္နာတို႔ျဖင့္ ေပးဆပ္ရန္ အၿမဲအသင့္ရွိေနသူမ်ားျဖစ္ေပသည္။ဆရာတို႔သည္ သူတို႔၏ တပည့္ေလးမ်ားကို အရိပ္တၾကည့္ၾကည့္ရွိေနတတ္ၿပီး အနာဂတ္၏ တိုင္းျပည္အတြက္ ပ်ံသန္းေပးႏိုင္ရန္ အေတာင္တပ္ေပးေနသူမ်ားျဖစ္ေပသည္။

ယခုတြင္လည္း အေမရိကန္ႏိုင္ငံတြင္ တပည့္ေလးတစ္ဦးသည္ စာသင္ခန္းထဲတြင္ ဦးထုပ္မခြၽတ္ပဲ အၿမဲတမ္းေနေနခဲ့ပါသည္။ထိုအခါဆရာျဖစ္သူက ဦးထုပ္ခြၽတ္ခိုင္းေသာ္လည္း မခြၽတ္ေပးသျဖင့္ ေက်ာင္းအုပ္ႀကီးကိုယ္တိုင္ ေခ်ာ့ေမာ့ကာ ေမးျမန္းခဲ့သည္။

ေက်ာင္းသားေလးကလည္း သူ၏ ဆံပင္ပုံစံသည္ ႐ုပ္ဆိုးေနသျဖင့္ ရွက္႐ြံေနေသာေၾကာင့္ မခြၽတ္ျခင္းျဖစ္ေၾကာင္း ေျပာျပခဲ့သည္။

ေက်ာင္းအုပ္ႀကီးကလည္း တပည့္ျဖစ္သူ အားမငယ္ေစရန္အတြက္ ကိုယ္တိုင္ဆံပင္ညႇပ္ေပးကာ အားေပးအားေျမာက္ျပဳခဲ့သည္။ ေက်ာင္းသားေလးမွာလည္း အလြန္ေပ်ာ္႐ြင္သြားခဲ့ၿပီး စာသင္ခန္းထဲသို႔ ဦးထုပ္မပါဘဲ ျပန္သြားခဲ့ေတာ့သည္။

Shoon (Cele Daily)

Unicode

ဆံပင်ပုံစံကြောင့် သူငယ်ချင်းများကြားတွင် ဦးထုပ်မချွတ်ရဲဘဲ ရှက်နေသည့် ကျောင်းသားေလးကို ကိုယ်တိုင်ဆံပင်ညပ်ပေးကာ အားပေးခဲ့သည့် ကျောင်းအုပ်ဆရာကြီး

ဆရာဆိုသည်မှာ တပည့်များအတွက် စေတနာ အနစ်နာတို့ဖြင့် ပေးဆပ်ရန် အမြဲအသင့်ရှိနေသူများဖြစ်ပေသည်။ဆရာတို့သည် သူတို့၏ တပည့်လေးများကို အရိပ်တကြည့်ကြည့်ရှိနေတတ်ပြီး အနာဂတ်၏ တိုင်းပြည်အတွက် ပျံသန်းပေးနိုင်ရန် အတောင်တပ်ပေးနေသူများဖြစ်ပေသည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံတွင် တပည့်လေးတစ်ဦးသည် စာသင်ခန်းထဲတွင် ဦးထုပ်မချွတ်ပဲ အမြဲတမ်းနေနေခဲ့ပါသည်။ထိုအခါဆရာဖြစ်သူက ဦးထုပ်ချွတ်ခိုင်းသော်လည်း မချွတ်ပေးသဖြင့် ကျောင်းအုပ်ကြီးကိုယ်တိုင် ချော့မော့ကာ မေးမြန်းခဲ့သည်။

ကျောင်းသားလေးကလည်း သူ၏ ဆံပင်ပုံစံသည် ရုပ်ဆိုးနေသဖြင့် ရှက်ရွံနေသောကြောင့် မချွတ်ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

ကျောင်းအုပ်ကြီးကလည်း တပည့်ဖြစ်သူ အားမငယ်စေရန်အတွက် ကိုယ်တိုင်ဆံပင်ညှပ်ပေးကာ အားပေးအားမြောက်ပြုခဲ့သည်။ ကျောင်းသားလေးမှာလည်း အလွန်ပျော်ရွင်သွားခဲ့ပြီး စာသင်ခန်းထဲသို့ ဦးထုပ်မပါဘဲ ပြန်သွားခဲ့တော့သည်။

Shoon (Cele Daily)

  • Leave a Comment