



Shoon (Cele Daily)

Unicode

စည်းကမ်းလိုက်နာခြင်းမရှိဘဲ နားကပ်တပ်လာသည့် ကျောင်းသားများကို နားတွင် စတီးကွင်းကြီးတပ်ပြီး အပြစ်ပေးခဲ့သည့် ကျောင်းဆရာတစ်ဦး

အခြေခံပညာ စာသင်ကျောင်းများသည် လူငယ်လေးများကို လိမ္မာရေးခြားရှိစေရန်နှင့် လူမွန်လူကောင်းများ ဖြစ်ပေါ်လာစေရန် ဆံးမသွန်သင်ပေးနေသော နေရာတစ်ခုပင်ဖြစ်သည်။စာသင်ကျောင်းသည် ကလေးငယ်တို့ကို စာပေပညာ၌ သာမကဘဲ လူ့လောကထဲတွင်ပင် ပေါင်းသင်းဆက်ဆံနိုင်ရန်အတွက် သေချာစွာ သင်ကြားပြသပေးသော နေရာတစ်ခုပင်ဖြစ်သည်။

စာသင်ကျောင်းများတွင် ကလေးငယ်တို့အတွက် စည်းကမ်များကို တင်းကြပ်ထားပြီး ကျောင်းသားများမှ လိုက်နာနိုင်စေရန် ဆုံးမသွန်သင်ပေးရသည်။ယခုတွင်လည်း ထိုင်းနိုင်ငံမှ ကျောင်းဆရာတစ်ဦးသည် စည်းကမ်းလိုက်နာခြင်းမရှိသည့် သူ၏ တပည့်များကို ကောင်းကောင်းပညာပေးကာ ဆုံးမခဲ့ပါတယ်။

ကျောင်ဆရာဟာ နားကပ်မတပ်ရန်အတွက် စည်းကမ်းထုတ်ထားသည်ကို လိုက်နာခြင်းမရှိသည့် တပည့်များကို စတီးကွင်းကြီးများအား နားတွင် ချိန်ဆွဲထားစေခဲ့ပါတယ်။စတီးကွင်းကြီးများဟာ အလွန်လေးလံသောကြောင့် နားရွက်ကို ထိခိုက်စေနိုင်ပြီး တပည့်များ နောက်တစ်ကြိမ်တွင် နားကပ်မဝတ်ရဲဘဲ ကြောက်လန့်နေမည်မှ အသေအချာပင်ဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment