Shoon (Cele Daily)
Unicode
အတူနေထိုင်ပြီး ၂၄နှစ်ကြာသည်အထိ မင်္ဂလာပွဲပြုလုပ်ရန် အဆင်မပြေသည့် အိမ်ခြေရာမဲ့ ဇနီးမောင်နှံကို အမှတ်ရဖွယ် မင်္ဂလာပွဲလေးပြုလုပ်ပေးခဲ့သည့် သူဌေးတစ်ဦး
မင်္ဂလာအခမ်းအနားဆိုသည်မှာ ချစ်သူစုံတွဲများ၏ဘဝအတွက် ကြည်နူးဖွယ်ရာ အကောင်းဆုံးသော အချိန်အခိုက်အတန့်လေးပင်ဖြစ်သည်။မင်္ဂလာအခမ်းအနားပွဲတွင် လူများ၏ရှေ့၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကတိပြုကြပြီး အချစ်သည် စစ်မှန်ကြောင်းပြသပြီး ဇနီးမောင်နှံအဖြစ်ခံယူတတ်ကြသည်။
ထိုသို့မင်္ဂလာပွဲလေး ကျင်းပနိုင်ရန်အတွက် အိမ်ခြေရာမဲ့ဘဝသမားများအတွက်မူ အိမ်မက်တစ်ခုလိုပင် ခက်ခဲလှပေသည်။
ယခုတွင်လည်း အိမ်ခြေရာမဲ့ဇနီးမောင်နှံနှစ်ဦးတို့သည် ၂၄နှစ်ကြာအထိ အတူနေထိုင်ပြီး သားသမီး၅ဦးမွေးဖွားပြီးသည်အထိ ရှိသော်လည်း မင်္ဂလာပွဲဆင်နွဲရန် အိမ်မက်ပင် မမက်နိုင်ကြပေ။
သူတို့မိသားစုသည် ဘဝကိုပင်ပန်းစွာဖြင့် လမ်းဘေးများတွင်သာ အချိန်ကုန်ဆုံးစေပြီး ဖြတ်သန်းနေရသည်။
သူတို့၏ ဘဝကို တွေ့မြင်ရသော သူဌေးတစ်ဦးသည် အိမ်ခြေရာမဲ့ ဇနီးမောင်နှံတို့ကို ဂရုဏာသက်ကာ မင်္ဂလာပွဲလေးကို ကျင်းပပေးခဲ့သည်။အိမ်ခြေရာမဲ့၏ မင်္ဂလာပွဲလေးသည် သူတို့၏ ဇနီးမောင်နှံအတွက် ဘဝတစ်သက်လုံးကို အမှတ်ရစေနိုင်ပြီး ပျော်ရွင်ဖွယ် အခိုက်အတန့်တစ်ခုကို ဖြစ်ပေါ်စေမည်မှာ အသေအချာပင်ဖြစ်သည်။
Shoon (Cele Daily)