

သူတို့ဟာ ငါးမန်းကို အသားဈေးတွင်ရောင်းချရန်အတွက် ဖြတ်တောက်ရာမှ ငါးမန်း၏ ဗိုက်ထဲတွင် ငါးမန်းကလေး၃ကောင်တွေ့ရှိခဲ့ပြီး တစ်ကောင်မှာ လူသားတို့၏ မျက်နှာနှင့် တူညီနေခဲ့ခြင်းဖြစ်သည်။



Shoon (Cele Daily)

Unicode

အသက်၄၈နှစ်အရွယ် ငါးဖမ်းသမားတစ်ဦး ဖမ်းမိလာသည့် ငါးမန်းကြီး၏ ဗိုက်ထဲမှ လူမျက်နှာနှင့်တူသည့် ငါးမန်းကလေးတစ်ကောင်ကို အလုအယှက်တောင်းဝယ်နေကြ

ပုံမှန်မဟုတ်သော ထူးဆန်းသည့် မျက်နှာပုံသဏ္ဌာန်ရှိ ငါးမန်းကလေးတစ်ကောင်ကို အင်ဒိုနီးရှားနိုင်ငံမှ တံငါးသည်တစ်ဦးက တွေ့ရှိခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှ အသက်၄၈နှစ်အရွယ် တံငါးသည်တစ်ဦးဟာ သူ၏ အကိုဖြစ်သူနှင့်အတူ ပင်လယ်ထဲသို့ ငါးဖမ်းထွက်ရင်းဖြင့် ငါးပိုက်ကွန်တွင် ကိုယ်ဝန်ဆောင် ငါးမန်းတစ်ကောင်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သူတို့ဟာ ငါးမန်းကို အသားစျေးတွင်ရောင်းချရန်အတွက် ဖြတ်တောက်ရာမှ ငါးမန်း၏ ဗိုက်ထဲတွင် ငါးမန်းကလေး၃ကောင်တွေ့ရှိခဲ့ပြီး တစ်ကောင်မှာ လူသားတို့၏ မျက်နှာနှင့် တူညီနေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တံငါသည်တို့လည်း အလွန်ပင်အံအားသင့်ခဲ့ကြရသည်။နိုင်ငံရှိ မီဒီယာသမားများစွာကလည်း လာရောက်မေးမြန်းကြပြီး အိန္ဒိယနိုင်ငံအထိပင် သတင်းဟာ ပျံနှံလာခဲ့ပါတယ်။

ထိုငါးမန်းလေးကို လူအများက ရောင်းချရန် တောင်းဆိုကြသော်လည်း တံငါးသည်က ရောင်းချလိုခြင်းမရှိဘဲ အမှတ်တရအဖြစ် သိမ်းထားလိုသည်ဟု သိရသည်။

Shoon (Cele Daily)

  • Leave a Comment