Shoon (Cele Daily)
Unicode
အချစ်ကလေးကို ရင်ခွင်ထဲထည့်ကာ မြို့အနှံလျောက်သွားချင်သော ဆန္ဒလေးကို နွားလေးနှင့်ဖြေသိမ့်ခဲ့သူဟု တင်စားချင်စဖွယ် မြင်ကွင်းလေး
လူတိုင်းတွင် ချစ်ရဆုံးသော ချစ်သူလေးနှင့်အတူ ပျော်ရွင်စွာ လည်ပတ်လိုသော ဆန္ဒလေးရှိတတ်ကြသည်။သို့သော် တကယ်လက်တွေ့တွင်လည်း လူတိုင်းသည် ချစ်သူလေးနှင့်ပျော်ရွင်စွာ မကြည်နူးနိုင်ကြပေ။
ယခုတွင်တော့ ပါကစ္စတန်နိုင်ငံမှ အမျိုးသားတစ်ဦး၏ လုပ်ရပ်သည် လမ်းမကြီးတစ်ခုလုံးကို ကြောင်သွားစေခဲ့သည်။ အခြားသူများက ခွေးလေး ကြောင်လေးများကို ကား ဆိုင်ကယ် စသည်တို့ဖြင့် တင်ဆောင်ကာ နေရာအနှံသွားလည်တတ်ကြသည်။
သို့သော် ယခုအမျိုးသားသည် ချစ်သူစုံတွဲများကို နောက်ပြင်ချင်သောစိတ်ကြောင့်လား သို့မဟုတ် မည်သည့်အကြောင်းကြောင့် မသိရသော်လည်း သူသည် နွားကို အဝတ်ဝတ်ပေးကာ ရင်ခွင်ထဲသို့ထည့်ပြီး မြို့အနှံ လျောက်သွားခဲ့သည်။
ထိုအမျိုးသား၏ လုပ်ရပ်ကြောင့် အခြား ခရီးသွားလာသူများသည် အထူးအဆန်းဖြစ်နေခဲ့ပြီး ဓာတ်ပုံများ ဗီဒီယိုများကို ရိုက်ကူးယူထားကြသည်။အမျိုးသားကတော့ ခပ်တည်တည်နှင့်ပင် အခြားလမ်းသွားလမ်းလာများကို ပြုံးပြ၍ပင် ပျော်ရှင်နေသေးသည်။
Shoon (Cele Daily)