



Shoon (Cele Daily)

Unicode

အမှတ်မထင်ကြည့်လျှင် ကြွက်ဟုသာ ထင်မှတ်နိုင်သည့် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးနှင့် အထူးဆန်းဆုံးသော ကြွက်ကလေးနှင့်တူသည့် သမင်တစ်ကောင်

ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် စိတ်ထားအလွန်နူးညံ့ကြပြီး တိရိစ္ဆာန်းလေးများကိုလည်း အလွန်ပင် ချစ်မြတ်နိုးတတ်ကြပေသည်။ယခုတွင်လည်း အင်္ဂလန်နိုင်ငံရှိ တိရိစ္ဆာန်ဥယျာဥ်တစ်ခုတွင် လူတို့၏ အသည်းနှလုံးများကို ဖမ်းစားသွားနိုင်လောက်သည့် ချစ်စဖွယ် သမင်ငယ်လေးတစ်ကောင်ကို မွေးဖွားခဲ့ပါတယ်။

မွေးဖွားလာသော သမင်ငယ်လေးသည် ကမ္ဘာပေါ်ရှိ အခြားသမင်များနှင့်မတူဘဲ ကွဲပြားစွာဖြင့် ကြွက်ကလေးတစ်ကောင်နှင့် ဆင်တူနေခဲ့သည်။သမင်လေးသည် အလွန်သေးငယ်လွန်းလှပြီး ကမ္ဘာပေါ်တွင် အသေးငယ်ဆုံး သမင်ပင်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် အရပ်ပုသော သမင်မျိုးစိပ်များရှိသော်လည်း ယခု အင်္ဂလန်နိုင်ငံတွင် မွေးဖွားသော သမင်လေးမှာ အလွန်ပင်သေးငယ်လှပြီး လက်တစ်ဖက်တည်းဖြင့်ပင် ပွေ့ချီနိုင်ပြီး အလေးချိန် ၃၇၀ဂရမ်သာရှိနေသည်။

Shoon (Cele Daily)

  • Leave a Comment