




Shoon (Cele Daily)

Unicode

ရေကန်ကြီး၏ အလယ်တွင် ခမ်းနားသော ကျွန်းတစ်ခုဖန်တီးကာ ရည်စားဟောင်းအား ချစ်ခွင့်တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံရသည့် အမျိုးသား

ကမ္ဘာပေါ်တွင် ချစ်ခွင့်ပန်သော်လည်း ငြင်းပယ်ခံခဲ့ကြရသည့် ကောင်လေး များစွားရှိပါသည်။အမျိုးသားများအတွက် ချစ်ခွင့်ပန်ခြင်းကို ငြင်းပယ်ခံရခြင်းသည် ခံစားနေရမည့် အရာတစ်ခုတော့မဟုတ်ပေ။

ယခုတွင် တရုပ်နိုင်ငံမှ အသက်၃၀အရွယ်ရှိ အမျိုးသားတစ်ဦးသည် ချစ်သူကောင်မလေးနှင့် လမ်းခွဲပြတ်ဆဲသွားခဲ့သည်။ထို့နောက်တွင် အမျိုးသားသည် သူ၏မွေးရပ်မြေရှိ ရေကန်ကြီး၏ အလယ်တွင် ကျွန်းတစ်ခုကို ဖန်တီးတည်ဆောက်ခဲ့သည်။

ကျွန်းလေးဆီသို့သွားရန် တံတားလေးတစ်ခုနှင့်အတူ ကျွန်းပေါ်တွင် မက်မွန်သီးပင်များ ချယ်ရီပန်းများနှင့်အတူ လှပသော အနုပညာလက်ရာများနှင့် တည်ဆောက်ခဲ့သည်။ကျွန်းလေးသည် အရမ်းလှပခံညားနေပြီး မိန်းကလေးများအဖို့ ရင်ခုန်ကြည်နူးဖွယ် ရိုမန်တစ်ဆန်သော နေရာလေးအင်ဖြစ်သည်။

ပမျိုးသားသည် လှပသောကျွန်းလေးကို ဖန်တီးပြီး ရည်စားဟောင်းအား နောက်တစ်ကြိမ်လက်တွဲရန် ခွင့်တောင်းခဲ့သော်လည်း ကောင်မလေးက ငြင်းပယ်ခဲ့သည်။ထို့ကြောင့် အမျိုးသားသည်လည်း ကျွန်းလေးကို ပန်းခြံလေးသဖွယ် ဖွင့်လှစ်ခဲ့ပြီး လာရောက်လည်ပတ်သူများကို အခမဲ့ လည်ပတ်စေခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment